Slideshow Image 2

ထိန်းသိမ်းဖမ်းဆီးထားသည့် ရဲသုံးဦးအား ဖားကန့်မြို့နယ်ရဲစခန်းထံလွဲပြောင်း

ထိန်းသိမ်းဖမ်းဆီးထားသည့် ရဲတပ်ဖွဲ့ဝင် သုံးဦးအား ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း ၆ မှ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှတစ်ဆင့် ဖားကန့်မြို့နယ်ရဲစခန်း၌ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲစခန်းမှူးထံ ၂၀၁၅ ဇန်နဝါရီ ၁၉ ရက် ယနေ့ည ၇ နာရီ အချိန်ခန့်၌ လွဲပြောင်းလိုက်ပြီဖြစ် ကြောင်းသတင်း ရရှိသည်။

ပိတ်မိနေသည့် ဒေသခံများအား ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ ဇန်နဝါရီ ၂၀ တွင်သွားရောက်တွေ့ဆုံ မည်ဖြစ်ကြောင်းသိရသည်။
Kachinwaves

0 comments:

Post a Comment