Slideshow Image 2

ဗုဒ္ဓဘုန်းကြီးကို ခလရ (၃၂၁) မှတားဆီးခြိမ်းခြောက်

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်၊ အောင်မြေ (၂) ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာကြားတွင် မေလ (၁၂) ရက်နေ့ မနက် (၁၀း၃၀) အချိန်ခန့်၌ ဗမာစစ်တပ် ခလရ (၃၂၁) တပ်မှ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ပါးကို တားဆီးပြီး ခြိမ်းခြောက် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သောကြောင့် ဘုန်းကြီးမှ သဃာင်္န်းကို ကားလမ်းပေါ်တွင် ချွတ်ပုံပြီး ကိုယ်လုံးတီးဖြင့် ကားလမ်းအတိုင်းထွက်ခွာသွားကြောင်း သိရှိရပါသည်။ ထိုသို့ ကိုယ်လုံးတီး မထွက်ခွာမှီ ဗမာစစ်တပ်များကို ဂျပန်တွေလည်းတိုက်ပါစေ၊ မေရိကန်တွေလည်းတိုက်ပါစေ၊ အင်္ဂလိပ်တွေလည်း တိုက်ပါစေ၊ အားလုံး လာတိုက်ကြပါစေ ဆိုပြီး ဆဲဆို ကြိမ်းမောင်းပြီး ထွက်ခွာသွားခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment