Slideshow Image 2

ဗမာစစ်တပ်မှ ရွာသားများကို ဖမ်းဆီး ရိုက်နက်

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အုပ်ချုပ်နယ်မြေ ရှမ်းပြည်မြောက်ပိုင်း၊ ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ရှိ Hpai Kawng, Kawng Yau ကျေးရွာများသို့ မတ်လ (၁၀) ရက်မနက် စောစောအချိန်တွင် ဗမာစစ်တပ်များရောက်ရှိလာပြီး ရွာသားများကို ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း သတင်းရရှိပါသည်။ မနက်စောစော အချိန်ဖြစ်၍ အိပ်ပျော်နေသာ ရွာသားများမှာ ထွက်ပြေးနိုင်ခြင်းမရှိသည့်အတွက် ဗမာစစ်သားများ၏ ဖမ်းဆီး ရိုက်နက်ခြင်းများကို ခံရကြောင်း၊ တရုတ်အမျိုးသား တစ်ဦးကို သေမတတ် ရိုက်နက် စစ်ဆေးနေကြောင်းလည်း သတင်းရရှိပါသည်။ ဗမာစစ်သားများမှ ခရစ်ယာန်ဘာသာရေး ဆရာများကိုလည်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရပါသည်။ ရွာမှ ထွက်ပြေးလွှတ်မြောက်သွားသော ရွာသူ၊ ရွာသားများသည် ယခုအခါ အစာရေစာ များမရရှိသည့် အတွက် ဒုက္ခရောက်နေကြောင်းလည်း ကြားသိရပါသည်။

0 comments:

Post a Comment