Slideshow Image 2

ကေအိုင်အေ တပ်ရင်း (၁၂) ဒေသများတွင် တိုက်ပွဲဖြစ်ပွား

ကချင်ပြည် ကေအိုင်အစိုးရ အရှေ့ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၃) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၁၂) ဒေသဖြစ်သော ဂေါင်ရွန်ကျေးရွာသို့ ထိုးစစ်ဆင်လာသော ဗမာအစိုးရ စစ်တပ် ခလရ (၂၃၆) နှင့် ကေအိုင်အေ တပ်ရင်း (၁၂) မှ မျိုးချစ်ရဲဘော်များ ဖေဖော်ဝါရီ (၆) ရက် မနက်ပိုင်း (၉း၀၀) နာရီ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီ (၇) ရက်နေ့ ညနေပိုင်း (၂း၀၀) နာရီအချိန်ခန့်တွင်လည်း ကေအိုင်အေ တပ်မဟာ (၃) လက်အောက် ကေအိုင်အေ တပ်ရင်း (၁၂) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ် ခမရ (၆၀၂) တပ်များ Prangtai ရွှေမော်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။ ဗမာစစ်တပ်ဘက်မှ စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

0 comments:

Post a Comment