Slideshow Image 2

ကေအိုင်အေတပ်မဟာ (၅) ဒေသတွင် တိုက်ပွဲများ ပြန်လည်စတင်

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ ကေအိုင်အေ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော ဂျာအိန်ယန် ကျေးရွာတွင် ဖေဖော်ဝါရီ (၁၀) ရက် မနက် (၁၀း၀၀) နာရီအချိန်ခန့်မှ တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရစစ်တပ် ခလရ (၂၂၁) မှ ဂျာအိန်ယန်ကျေးရွာတွင် တပ်စွဲထားသော ဗိုလ်ကြီး မျိုးဇင်နှင့်အဖွဲ့ကို ဖေဖော်ဝါရီ (၁၀) ရက်နေတွင် ရုတ်တရက် အတင်းထိုးစစ်ဆင်တိုက်ခိုက် လာသောကြောင့် ယခုကဲ့ ကေအိုင်အေ တပ်မဟာ (၅) ဒေသတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ နေ့လည်း (၁း၀၀) နာရီဝန်းကျင်တွင် ဗမာအစိုးရ စစ်တပ် ခလရ (၂၆၁) တပ်မှ အင်အား (၁၅၀) ခန့် ပြန်လည်ရောက်ရှိလာပြီး တိုက်ခိုက်ကူခဲ့ကြောင်း သိရှိရပါသည်။ ကေအိုင်အေ တပ်မဟာ (၅) ဒေသတွင်း စစ်ပွဲများ ရပ်ဆိုင်းသွားသည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်ပြီး၊ ယခုတစ်ဖန် ဗမာအစိုးရ စစ်တပ်များ၏ ထိုးစစ်ဆင် ပြန်လည် တိုက်ခိုက်လာမှုကြောင့် စစ်ပွဲများ ပြန်လာဖြစ်ပွားလာရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment