June (13) bat Masum

မြစ်ဆုံတဖက်ကမ်း အထက် (၂) မိုင်လောက်တွင် ရှိသော ဂွေထောင်ရွာ တွင် ခ လ ရ တပ် (၂၁) မှ လမ်းသွားလမ်းလာ လူများကို လွန်ခဲ့သော ၃ လလောက်မှ စပြီး ငွေကြေးများကောက်ခံခြင်း၊ စစ်ဆေးခြင်း၊ ခြိမ်းခြောက် ခြင်းများ ရှိနေကြောင်းသိရသည်။ “ဆိုင်ကယ်တစ်စီးကို ၁၀၀၀၊ ကားတစ်စီးကို ၈၀၀၀၀ ကောက်တယ်။ သွားလာတဲ့လူတိုင်းကိုလည်း ဘာလူမျိုး လဲလို့မေးတယ်။ ဗမာစကား ကောင်းကောင်း မတတ်သည့် သူများကို ခြိမ်းခြောက်တယ်၊ ကိုယ်ထိလက်ရောက် စော်ကားတယ်။ ဒါကြောင့်ဘာလူမျိုးလဲလို့ ပြောရင်ဗမာလူမျိုလို့ပြောမှဘာမှ ပြန်မပြောတာ” ဟုဒေသခံတစ်ဦး ကပြောပြခဲ့သည်။ ဤဒေသသည် ရွှေမှော်သွားဖို့အတွက်ပါ၊ တောင်ယာသွားဖို့ အတွက်ပါ မဖြစ်မနေ ဖြတ် သန်သွားလာရသည့် ဂိတ်တစ်ခုလည်းဖြစ်သည်။ စက်လှေများကို ဂိတ်ကြေးငွေ ကောက်ခံသည် မှာ အရင်ကတည်း က ရှိသော်လည်း အခုလို ကုန်းလမ်းလူသွားလမ်းကို ဂိတ်စောင့်ပြီး ကောက်ခံသည်မှာ ၃ လလောက်ရှိပြီဖြစ်ကြောင်းသိရသည်။ ဤဂိတ်ကြောင့် ဗမာစကား ကောင်းကောင်းမပြောတတ်သော သက်ကြီးရွယ်အို များ ဒေသခံများ ကြောက်ရွံ့နေကြပါသည်။
1 comments:
HPU NAU ni e dai ni annau ni sa wa myen hpe hkit nga ra ai prat du mat sai.myen ni na ga madat yu mu masha hpe mu jang hpa baw amyu rai ta? nga ni gaw Anhte WP sha ni hpe garai roi ai myit,yu gaji ai myit rai nga ai.njaw sai.sim sa lam jahta ngu ai myen ngu ai wa gaw galoi dingmang ai ga tsun na amyu nre oi.
Post a Comment