Slideshow Image 2

ရခိုင်ပြဿနာ အဖြေရှာ၊ သတိထားကြ သူ့ပယောဂ

အခုတလော ရခိုင်နဲ့မူစလင်ပြဿနာဟာ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာရော Media သမားတွေသာမက နိုင်ငံတကာအတွက်ပါ အာရုံစိုက်စရာ မြားဦးလှည့်မှုတစ်ရပ် ဖြစ်နေ ပါတယ်။ ဘာကြောင့်လဲ။ ဘယ်သူ့ပယောဂလဲ။

ကြောင်သူတော် သီတင်းသုံးသည် ဟူသည့် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့တော်မူတဲ့ ဘုရားလောင်းရဲ့ ရှေးဘ၀ဖြစ်စဉ်အရ သူတော်ကောင်း ဟန်ဆောင်တဲ့ ကြောင်ယုတ်မာ တစ်ကောင် ရှိခဲ့ကြောင်း အားလုံးကြားဖူးပါလိမ့်မယ်။ ၄င်းကြောင်ယုတ်မာဟာ ယခုလက်ရှိ အချိန်အခါမှာလည်း ကျနော်တို့ရဲ့အထဲမှာ ရှိနေဆဲ၊ ကျနော်တို့ရဲ့နိုင်ငံကို မွှေနှောက်ခြယ်လှယ်နေဆဲ ဖြစ်နေတာ အများပြည်သူ အာရုံစူးစိုက် သတိရှိစေလိုပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို မရှုပ်ရင်ရှုပ်အောင်၊ မခက်ရင်ခက်အောင်၊ ဗျူဟာအမျိုးမျိုး တီထွင်ဖန်တီးနေသူတစ်ဦးဟာ ပြည်တွင်းနိုင်ငံ့ဇာတ်ခုံပေါ်မှာ ခံတွင်းမတည့်တဲ့ ဖြစ်ရပ်ဆိုးမျိုးနဲ့ ကိုယ်ရည်သွေး၊ ကိုယ်ကျိုးရှာ၊ သွေးစုပ်အမြတ်ထုတ်လျှက် ရှိနေပါတယ်။

ကချင်ပြည်နယ်မှာ KIO/KIA နဲ့အစိုးရကြား စစ်ပွဲတွေမဖြစ်ဖြစ်အောင် ဖန်တီးနိုင်ခဲ့တယ်။ ပြည်သူတွေကို စစ်ပြေးဒုက္ခသည်ဘ၀ မရောက်ရောက်အောင် ဖန်တီးနိုင်ခဲ့တယ်။ ကချင်ပြည်နယ်ရှိ ကျေးရွာပေါင်း မြောက်များစွာကိုပြာချနိုင်ခဲ့တယ်။ ကျွဲနွားတိရစ္ဆာန် မြောက်များစွာ၊ လယ်မြေစိုက်ခင်း ဧကပေါင်း ထောင်သောင်းမက အလဟဿ ပျက်စီးစေခဲ့တယ်။  ပြီးရင် သူတော်ကောင်း ဟန်ဆောင်ကာ ငြိမ်းချမ်းရေး ဗိသုကာအဖြစ် သရုပ်ဆောင် ပြသခဲ့ပြန်တယ်။

KIO/KIA နဲ့ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေမဟန်ဘဲ ဖြစ်နေခိုက် တစ်ဖက်မှာ ဒေါ်အောင်ဆန်းစုကြည်လည်း အနောက်နိုင်ငံတွေရဲ့ မျက်နှာစာမှာ ရေပန်းစားလာပြန်တယ်။ ဒီတော့ အလိုလိုနဲ့မှေးမှိန်သေးသိမ်ပြီး လူကြိုက်နည်းလာမယ့် ကြံ့ဖွပ်ပါတီအတွက် အသက်ကယ်ဆေး ဆေးမှီးတိုအဖြစ်
ရည်ရွယ်ချက်ဖြင့် ဗျူဟာတစ်ခု ဖန်တီးလိုက်ပြန်ရာ ရခိုင်ပြည်နယ်မှာ ဇာတ်စင်ထိုးပြီး တင်ဆက်ပြသလိုက်ခြင်း ဖြစ်ကြောင်း ခိုင်လုံတဲ့သတင်းရပ်ကွက်မှ သိရှိရပါတယ်။

လုပ်ပုံမှာ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာမူစလင် လူငယ်တစ်စုကို လူမိုက်ငှားပြီး ရခိုင်အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်စေရာက ပြဿနာကြီး စတင်ခဲ့တယ်။ အစမှာဒီပြဿနာ ဒီလောက် ကျယ်ပြန့်လာမယ်လို့ မထင်ဘူးပေါ့။ နောက်ပိုင်းမှာ ဒီပြဿနာကြီး ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့အခါ ရခိုင်တို့ဘက်မှာရော မူစလင်တို့ဘက်မှာပါ  အော့နှလုံးနာစရာ အနိဌာရုံတွေ၊ ဆုံးရှုံးနစ်နာမှုတွေ၊ အကျိုးဆုတ်ယုတ်မှုတွေ ကြောက်ခမန်းလိလိ ဖြစ်လာရတဲ့အခါ တီထွင်ဖန်တီးခဲ့သူ၊  သွေးထိုးလုံ့ဆော်ပေးသူ သူတော်ကောင်း ဟန်ဆောင်နေသူ ပြဿနာမြားဦးလှည့်သူ ခတ်အေးအေး နေနိုင်ပေမယ့်  အကျိုးကြောင်းမှန် သိသူတွေ၊ မသိနားမလည်ဘဲ နောက်လိုက်နောက်ပါအဖြစ်  ပါဝင်မိသူတွေက လိပ်ပြာမလုံ သွေးမအေး ဖြစ်လာရတဲ့အခါ ရင်ဖွင့်လာသူတွေဟာ မူစလင်ထဲကရော ရခိုင်ထဲကပါ စုရပ်တစ်နေရာမှာ နောင်တကြီးစွာဖြင့် ရင်ဖွင့်မှုခြင်းဖလှယ်လျှက် ယူကျူံးမရ ဖြစ်နေကြသည်ကို ခိုင်လုံသော သတင်းရပ်ကွက်မှ သိရှိရပါတယ်။

ထိုသို့ သူတော်ကောင်းဟန်ဆောင်သူဟာ အခြားမဟုတ်၊ သောင်းကျန်းမှုမှာ လက်ဦးမှု ရအောင် လုပ်တတ်သူ အတိုကောက်အားဖြင့် ဦးအောင်သောင်း ဆိုသူဖြစ်ကြောင်း ပြည်သူအပေါင်း သိရှိစေရန် ဝေငှလိုက်ရပါသည်။

ကျေးတောသားမောင်ပေါက်ကြိုင်း
တာလောကြီး။
၂၄၊ ၆၊၂၀၁၂

0 comments:

Post a Comment